ရန်ကုန်-ပဲခူး DEMU လူစီးရထား စတင်ပြေးဆွဲ
စပိန်နိုင်ငံကဝယ်ယူထားတဲ့ အဲကွန်းပါခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်တွေနဲ့ ရန်ကုန်-ပဲခူး ရထားခရီးစဉ်တွေကို အောက်တိုဘာ(၂)ရက်မှာ စတင်ပြေးဆွဲနေပြီဖြစ်တယ်လို့ မြန်မာ့မီးရထားကနေသိရပါတယ်။ DEMU ရထားတွဲဆိုင်းသစ်တွေနဲ့ ရန်ကုန်-ပဲခူး-ရန်ကုန်ခရီးစဉ် လူစီးရထားတွေ စတင်ပြေးဆွဲတဲ့အခမ်းအနားကို အောက်တိုဘာ(၁)ရက်က ရန်ကုန်ဘူတာကြီးမှာကျင်းပခဲ့တာပါ။ ...