နိုင်ငံကူးလက်မှတ်စာအုပ်ခ ကျပ်လေးသောင်း ပြောင်းလဲမည်
ပြည်တွင်းမှာ သာမန်မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားလာမှုနဲ့ပတ်သက်လို့ လာမယ့်စက်တင်ဘာ ၁ ရက်ကစပြီး စာအုပ်ဖိုးငွေ ပြောင်းလဲသတ်မှတ်သွားမှာဖြစ်တယ်လို့ ဩဂုတ် ၂၉ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှာ အသိပေးပန်ကြားချက် ထုတ်ပြန်ထားပါတယ်။ အရင်က စာအုပ်ဖိုးငွေကျပ်သုံးသောင်းခွဲသတ်မှတ်ထားရာကနေ အခုကျပ်လေးသောင်း သတ်မှတ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ အွန်လိုင်းဘွတ်ကင်စနစ်သစ်နဲ့ မြန်မာနိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)လျှောက်ထားမှုတွေကို ပြီးခဲ့တဲ့ ...