ရေဘေးသင့်ပြည်သူများအတွက် ဒေါ်လာ ၅ သိန်း နော်ဝေ ထောက်ပံ့
မြန်မာနိုင်ငံက ရေဘေးသင့်ပြည်သူတွေအတွက် နော်ဝေနိုင်ငံက အမေရိကန်ဒေါ်လာ ၅ သိန်းထောက်ပံ့ကူညီခဲ့တယ်လို့ ရန်ကုန်မြို့နော်ဝေသံရုံးကထုတ်ပြန်ပါတယ်။ နော်ဝေနိုင်ငံဟာ UNOPS ရဲ့ ဘက်စုံရန်ပုံငွေယန္တရားအလှူရှင်တွေနဲ့ပူးပေါင်းကာ ရေဘေးသင့်ရပ်ရွာတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေအမြန်ဆုံးဆောင်ရွက်နိုင်ဖို့ ထောက်ပံ့ကူညီခဲ့တာလို့ဆိုပါတယ်။ ထောက်ပံ့မှုအနေနဲ့ အမိုးအကာ၊ အစားအစာ၊ ရေသန့်၊ အခြေခံဆေးဝါးတွေနဲ့ အရေးပေါ် ...