ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်(၈)ခု ခွင့်ပြု
လျှပ်စစ်သုံးမော်တော်ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်တဲ့လုပ်ငန်းပါဝင်တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်(၈)ခုကို ခွင့်ပြုပေးခဲ့တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံကော်မရှင်ရဲ့ (၈/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကနေသိရပါတယ်။ အဲဒီအစည်းအဝေးကိုတော့ စက်တင်ဘာလ(၃၀)ရက် မနက်ပိုင်းက နေပြည်တော်မှာကျင်းပပြုလုပ်ခဲ့တာပါ။ အစည်းအဝေးမှာဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေရဲ့ မတည်ငွေရင်းတိုးမြှင့်တာအပါအဝင် စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍနဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွေက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်(၈)ခု ...