ဆီဘောက်ဆာယာဉ်တိမ်းမှောက်မှု(၁)ဦးသေဆုံး (၁)ဦးဒဏ်ရာရ
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဗုဒ္ဓဂါယာလမ်းမှာ စက်တင်ဘာ(၂၂)ရက်က ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဉ်မှာလူ(၁)ယောက်သေဆုံးကာ (၁)ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ တိမ်းမှောက်ခဲ့တဲ့ ဆီဘောက်ဆာယာဉ်ဟာ စက်တင်ဘာ(၂၂)ရက်၊ နေ့လယ်ပိုင်းလောက်က ပုဗ္ဗသီရိ မြို့နယ်၊ ဗုဒ္ဓဂါယာလမ်း၊ မိုင်တိုင်အမှတ်(၃)မိုင်(၇)ဖာလုံ၊ သပြေစမ်းကျေးရွာအနီးမှာဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ ...