မလေးရှားကို ဆိတ်အကောင် ၁၅၀၀ တင်ပို့မည်
မြန်မာနိုင်ငံက ဆိတ်အရှင်အကောင် ၁၅၀၀ ကို ပထမအသုတ်အနေနဲ့ မလေးရှားနိုင်ငံကို တင်ပို့ရောင်းချနိုင်ဖို့စီစဉ်ဆောင်ရွက်နေတယ်လို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကနေသိရပါတယ်၊၊ တင်ပို့မယ့်သူတွေအနေနဲ့ကတော့ သက်ဆိုင်ရာနိုင်ငံရဲ့ အစိုးရဌာနအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး အချက်အလက်ပြည့်စုံတဲ့ ကုန်အမှာစာလက်ခံရရှိရေး ဆောင်ရွက်ဖို့လိုအပ်ပြီး သိုး၊ ဆိတ်တင်သွင်းမယ့်သူတွေက လျှောက်ထားလာတဲ့နေရာအပေါ် မူတည်ပြီး တိရစ္ဆာန်စုဆောင်းရပ်ကို စိစစ်သတ်မှတ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်၊၊ ...