မွန်တီနီဂရိုးတွင် အပူလှိုင်းဖြတ်သန်းနေ
မွန်တီနီဂရိုးနိုင်ငံ မြို့တော် ပေါ့တ်ဂိုရီကာမှာ အပူလှိုင်းဖြတ်သန်းနေရာ ဗုဒ္ဓဟူးနေ့က နေ့အပူချိန် (၄၁) ဒီဂရီ စင်တီ ဂရိတ်အထိ ရောက်ရှိခဲ့ပါတယ်။ ဒီအတွက် မြို့တော်နေပြည်သူတွေနဲ့ ခရီးသွားဧည့်သည်တွေဟာ အပူဒဏ် သက်သာလျော့နည်းအောင် အေဒြီယက်တစ် ပင်လယ်ကမ်းခြေမှာ သွားရောက် ရေဆော့ကစားကြပါတယ်။ ...