မွန်တီကာလိုရယ်လီချန်ပီယံဆု အိုဂီယာ စံချိန်တင်ရယူ
ပြင်သစ်ဒရိုင်ဗာ အိုဂီယာဟာ တနင်္ဂနွေနေ့က မွန်တီကာလိုရယ်လီ ချန်ပီယံဆုကို စံချိန်တင်အဖြစ် ၁၀ ကြိမ် မြောက်ရယူနိုင်ခဲ့ပါတယ်။ ရယ်လီကမ္ဘာ့ချန်ပီယံဆုကို ၈ ကြိမ်ရရှိထားခဲ့ဖူးတဲ့ အိုဂီယာဟာ ပြိုင်ပွဲနောက်ဆုံးနေ့မှာ အကောင်းဆုံး စွမ်းဆောင်ရည်နဲ့အတူ တိုယိုတာအသင်းဖော် ဗြိတိန်ဒရိုင်ဗာ အီဗန်ကို ကျော်ဖြတ် ...