စခန်းသစ်ကျွန်း ဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းကျရောက်နေတဲ့ ဧရိယာအကျယ်အဝန်း(၁၅၉၄)ဧကရှိတဲ့နယ်မြေကို စခန်းသစ်ကျွန်းဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်လိုက်တယ်လို့ ဩဂုတ်လ(၃)ရက်မှာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးကြေညာချက်ထုတ်ပြန်ပါတယ်။ ၂၀၁၈ ခုနှစ်မှာပြဋ္ဌာန်းထားတဲ့ သစ်တောဥပဒေအရ အပ်နှင်းထားတဲ့လုပ်ပိုင်ခွင့်တွေကိုကျင့်သုံးကာ ဇူလိုင်လ ၂၄ ရက်ကစပြီး အခုလို သတ်မှတ်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေဖို့၊ ...