မြန်မာ-ဘီလာရုစ်စီးပွားရေးဖိုရမ်၌ နားလည်မှုစာချွန်လွှာ ၁၄ ခု ရေးထိုးနိုင်ခဲ့
မြန်မာ-ဘီလာရုစ် စီးပွားရေးဖိုရမ်မှာ စီးပွားရေးဆိုင်ရာနားလည်မှုစာချွန်လွှာ(၈)ခုနဲ့ ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာ(၆)ခု စုစုပေါင်း (၁၄)ခု လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်ကပြောပါတယ်။မတ်လ၆ရက်၊ ဒေသစံတော်ချိန်ညပိုင်းက ဘီလာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ Prisedent Hotelမှာကျင်းပတဲ့ မြန်မာ-ဘီလာရုစ် စီးပွားရေးဖိုရမ်မှာ ONE NEWS ရဲ့သီးခြားမေးမြန်းမှုအပေါ်အခုလိုပြောကြားလိုက်တာပါ။ UMFCCI ...