တရုတ်စီးပွားရေးလုပ်ငန်းရှင်များအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများ ရင်းနှီးမြုပ်နှံရန်ဖိတ်ခေါ်
တရုတ်ကုန်သည်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတွေ လာရောက်ရင်းနှီးမြုပ်နှံနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက ပြောပါတယ်။မတ်လ(၁)ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel မှာကျင်းပတဲ့ မြန်မာ-တရုတ် ပင်လယ်ရပ်ခြား စီးပွားရေးလုပ်ငန်းများအဖွဲ့ချုပ်ရဲ့(၁၀)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ အခုလိုပြောကြားလိုက်တာပါ။ အစိုးရအနေနဲ့လည်းနိုင်ငံအတွင်းမှာလျှပ်စစ်မီးရရှိရေးအတွက် အားပေးဆောင်ရွက်နေတာဖြစ်တာကြောင့်လျှပ်စစ်မီးရရှိရေးအတွက်ရင်းနှီးမြုပ်နှံမှုတွေကိုကြိုဆိုပြီး လက်တွေ့ဆန်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ကြဖို့တရုတ်ကုန်သည်တွေကို တိုက်တွန်းပြောကြားပါတယ်။အခမ်းအနားမှာ ...