မြန်မာရေဘေးသင့်ပြည်သူများအတွက် ယူရိုနှစ်သိန်း EU လှူဒါန်း
မြန်မာနိုင်ငံတစ်ဝန်းက ရေဘေးသင့်ပြည်သူတွေကိုကူညီဖို့ ယူရိုငွေနှစ်သိန်း လှူဒါန်းကူညီထားတယ်လို့ ဥရောပ သမဂ္ဂ(EU)က ဩဂုတ် ၂၇ ရက်ကထုတ်ပြန်ထားပါတယ်။ အခုလို ရေဘေးသင့်ပြည်သူတွေကို ကူညီပေးနိုင်ဖို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနဲ့ လခြမ်းနီအသင်းများဖက်ဒရေးရှင်း(IFRC)ထံကို လှူဒါန်းကူညီထားတာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။ အခုလှူဒါန်းတဲ့ငွေတွေဟာ ထိခိုက်မှုအများဆုံးနေရပ်ဒေသတွေဖြစ်တဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ...