ငွေလွှဲစာရင်းမပြသည့် အေဂျင်စီများကို ဆိုင်းငံ့မည်
အခုလကစပြီး ပြည်ပနိုင်ငံတွေကိုစေလွှတ်ထားတဲ့ မြန်မာအလုပ်သမားတွေရဲ့ မိသားစုဆီလွှဲပို့တဲ့ လစာငွေစာရင်း မတင်ပြနိုင်တဲ့ အေဂျင်စီတွေကို စေလွှတ်ရေးလုပ်ငန်းစဥ်တွေ ယာယီဆိုင်ငံ့သွားမှာဖြစ်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ကနေသိရပါတယ်။ အေဂျင်စီတွေအနေနဲ့ မိမိစေလွှတ်တဲ့ အလုပ်သမားတစ်ယောက်ချင်းစီရဲ့ မိသားစုလွှဲပို့ငွေပေးပို့ထားမှု အခြေအနေတွေကို အသေးစိတ်ပြုစုတင်ပြရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားထားတာဖြစ်တယ်လို့ ဆိုပါတယ်။ အလုပ်သမားတွေရဲ့ ...