အင်းလေးရေဘေးသင့်များကို ရိက္ခာနှင့် ထောက်ပံ့ငွေလှူဒါန်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ညောင်ရွှေမြို့နယ်မှာရှိတဲ့ အင်းလေးကန်ဒေသမှာအခက်ခဲဖြစ်နေတဲ့ ရေဘေးသင့်ဒေသခံတွေဆီ သွားရောက်ပြီး အောက်တိုဘာလ(၁၀)ရက်က စားနပ်ရိက္ခာနဲ့ထောက်ပံ့ငွေတွေ ပေးအပ်လှူဒါန်းခဲ့ကြတယ်လို့သိရပါတယ်။ စားနပ်ရိက္ခာနှင့်ထောက်ပံ့ငွေလှူဒါန်းမှုကို ချစ်မေတ္တာဖောင်ဒေးရှင်းမှဦးဆောင်ကာ မြန်မာနွယ်ဖွားတရုတ်အသင်းတွေရဲ့ လှူဒါန်းငွေတွေ၊ ပြည်ပကစေတနာရှင်တွေလှူဒါန်းငွေတွေနဲ့စုပေါင်းကာ သွားရောက်လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။ ဖောင်ဒေးရှင်းအနေနဲ့သွားရောက်လှူဒါန်းခဲ့တဲ့ ကျေးရွာတွေကတော့ အင်းလေးဒေသအတွင်း တောင်ပိုင်းကျေးရွာတွေဖြစ်တဲ့ အင်းဦးကျေးရွာ၊ လွယ်ငြိမ့်ကျေးရွာ၊ လယ်သစ်ထက်ကျေးရွာ၊ ...