နိုင်ငံတစ်ဝန်း မြို့အချို့၌ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်
မြန်မာနိုင်ငံတစ်ဝန်းမြို့အချို့မှာ မြစ်ရေတွေဟာ စိုးရိမ်ရေမှတ်ထက်ကျော်လွန်ရောက်ရှိနေပြီး ရေကြီးနစ်မြုပ်မှုတွေဖြစ်ပွားနေတယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေသိရပါတယ်။ ရေကြီးနစ်မြုပ်မှုတွေဖြစ်ပွားနေတဲ့နေရာတွေကတော့ နေပြည်တော်၊ တပ်ကုန်းနဲ့ ဇေယျာသီရိမြို့နယ်တွေမှာ စက်တင်ဘာ ၁၀ ရက်၊ ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆင်သေချောင်းနဲ့ပေါင်းလောင်းမြစ်ရေမြင့်တက်ပြီး စက်တင်ဘာ ၁၁ ရက်၊ မနက်ပိုင်းမှာတော့ ...