စားအုန်းဆီရောင်းချမှု ဖုန်းနံပါတ်များ တိုးချဲ့ရန်စီစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း စားအုန်းဆီတွေကို အိမ်အရောက်ဖြန့်ဖြူးရောင်းချပေးနေရာ ဆက်သွယ်မှာယူသူ များပြားတဲ့အတွက် Call Center ဖုန်းနံပါတ်တွေကို တိုးချဲ့လက်ခံပေးသွားဖို့ စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ လက်ရှိမှာတော့ စားအုန်းဆီတွေဝယ်ယူဖို့ နေ့စဉ်ဆက်သွယ်မှာယူတဲ့သူတွေဟာ တစ်ရက်ကို ရှစ်ထောင်ကနေ ကိုးထောင်ကြားရှိနေတဲ့အတွက် မှာယူသူပြည်သူအချို့မှာ ...