မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများ လုံခြုံရေးဂရုပြုရန် တိုက်တွန်း
မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်နိုင်ငံသားတွေ၊ ကုမ္ပဏီတွေနဲ့အဖွဲ့အစည်းတွေအနေနဲ့ ဒေသတွင်းလုံခြုံရေးအခြေအနေကို ဂရုပြုကြပြီး လုံခြုံရေးအစီအမံတွေမြှင့်တင်လုပ်ဆောင်ကာ ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ကာကွယ်မှုတွေလုပ်ဆောင်ထားဖို့တိုက်တွန်းထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မစ္စတာလင်ကျန်းကပြောကြားခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကသတင်းထုတ်ပြန်ပါတယ်။ မန္တလေးမြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး Bloomberg သတင်းဌာနက မေးမြန်းရာမှာ အခုလိုပြန်လည်ဖြေကြားလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အလားတူကိစ္စရပ်တွေ ...