စက်သုံးဆီ လုံလုံလောက်လောက် ရောင်းချပေးထားဟုဆို
ရန်ကုန်တိုင်းဒေသကြီးမှာ စက်သုံးဆီတွေ အခုရက်ပိုင်းအတွင်း ပုံမှန်အနေအထားပြန်လည်ရောက်ရှိရေးအတွက် စက်သုံးဆီ အရောင်းဆိုင်တွေကို လုံလုံလောက်လောက်ရောင်းချပေးထားတယ်လို့ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းသိုလှောင်ရောင်းချ ဖြန့်ဖြူးရေးအသင်း တာဝန်ရှိသူတွေကပြောပါတယ်။ ဩဂုတ် ၁၆ ရက်၊ မွန်းလွဲပိုင်းက သီလဝါရှိ မြတ်မေတ္တာမွန်စက်သုံးဆီသိုလှောင်စခန်းကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနဲ့ အစိုးရအဖွဲ့ဝင်တွေက ရောက်ရှိလာရာမှာ ...