သီတင်းကျွတ်ကာလခရီးသွားမှု ယမန်နှစ်ထက် လျော့နည်း
မကြာမီ သီတင်းကျွတ်ပွဲတော်ကာလရောက်တော့မှာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပခရီးသွားလာမှုအခြေအနေကတော့ မနှစ်ကထက်ခရီးသွားလာမှုလျော့နည်းနေတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်ကပြောပါတယ်။ သီတင်းကျွတ်ပွဲတော်ကာလအတွင်း ပုဂံ၊ ချောင်းသာနဲ့ ငွေဆောင်တို့မှာ ခရီးသွားလာမှုအများဆုံးရှိနေပြီး ပုဂံကဟိုတယ်နဲ့တည်းခိုရိပ်သာတွေမှာတော့ ကြိုတင်မှာယူမှုပြည့်လုနီးပါးဖြစ်နေပြီလို့ဆိုပါတယ်။ အခုနှစ် သီတင်းကျွတ်ကာလ ခရီးသွားလာမှုကတော့ အရင်နှစ်နဲ့ နှိုင်းယှဉ်ရင်တော့ ...