ရွှေကျင်တွင် ရေဘေးသင့်ပြည်သူ ၆၀၀၀ နီးပါးရှိ
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး ရွှေကျင်မြစ်ရေ မြင့်တက်လာတာကြောင့် ဇူလိုင် ၂၉ ရက်အထိ လူဦးရေ ခြောက်ထောင်နီးပါး ယာယီရေဘေးရှောင်စခန်းတွေမှာ ရောက်ရှိနေထိုင်နေရတယ်လို့ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ကနေ သိရပါတယ်။ မြစ်ရေမြင့်တက်မှုကြောင့် ရွှေကျင်မြို့နယ်အတွင်းက စာသင်ကျောင်း ၃၇ ကျောင်းကိုလည်း ...