မျောက်ကျောက်ကာကွယ်ရေး ကျန်းမာရေးအချက်အလက်ဖြည့်ရမည်
Mpox (မျောက်ကျောက်)ရောဂါကာကွယ်နိုင်ဖို့အတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်တွေနဲ့ ရေလမ်းခရီးလမ်းကြောင်းတွေကဝင်ရောက်လာတဲ့ ခရီးသည်တွေအနေနဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက်တွေ ဖြည့်သွင်းရမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေသိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေအရ မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့ ခရီးသည်တွေအားလုံးအနေနဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက်တွေ ဖြည့်သွင်းပြီး လူဝင်မှုကြီးကြပ်ရေးကောင်တာတွေကို မဖြတ်သန်းခင်သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းတွေထံ တင်သွင်းရမှာဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ ...