မြန်မာသို့ မုန်တိုင်း ဦးမတည်နိုင်
ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းကမ်းခြေတို့မှာဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့်အခြေအနေမရှိတာကြောင့် အဝါရောင်အဆင့်အဖြစ်သတ်မှတ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကအသိပေးထုတ်ပြန်ထားပါတယ်။ ဘင်္ဂလားပင်လယ်အော် အရှေ့ မြောက်ပိုင်းနဲ့ဆက်စပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းကမ်းခြေတို့မှာ ဖြစ်ပေါ်ခဲ့တဲ့မုန်တိုင်းငယ်ဟာ လက်ရှိအနောက်-အနောက်မြောက်ဘက်ကိုရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ပတ်တု(အ) ခါလီမြို့အနီးက ဖြတ်ကျော်ခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီမုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် စက်တင်ဘာ(၁၄)ရက် ...