ဖေဖော်ဝါရီလအတွင်း အားအနည်းငယ်ရှိသောလာနီညာအခြေအနေတွင် ဆက်လက်တည်ရှိနိုင်ဟု မိုး/ဇလခန့်မှန်း
နိုင်ငံတကာမိုးလေဝသဌာနတွေရဲ့ သင်္ချာပုံစံပြုမော်ဒယ်တွေခန့်မှန်းချက်အရ အခုဖေဖော်ဝါရီလအတွင်းမှာ အားအနည်းငယ်ရှိတဲ့ လာနီညာအခြေအနေမှာ ဆက်လက်တည်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဖေဖော်ဝါရီ၁ရက်မှာ ထုတ်ပြန်ပါတယ်။အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်နဲ့ လေထုဖြစ်စဉ်တွေဟာ အားအနည်းငယ်ရှိတဲ့ လာနီညာအခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။ လာနီညာဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာဖြစ်ပေါ်တဲ့ဖြစ်စဉ်ဖြစ်ပေမယ့် အဲ့ဒီလာနီညာဖြစ်စဉ်ကြောင့် ...