ရေကြီးမှု အချိန်ကြာမြင့်ခြင်းကြောင့် မိုးသီးနှံထိခိုက်မှု များပြားနိုင်
စက်တင်ဘာလအတွင်း ဒုတိယအကြိမ်ရေကြီးရေလျှံမှုဟာ အချိန်ကာလကြာမြင့်နေတာကြောင့် မိုးသီးနှံထိခိုက်ပျက်စီးမှုတွေများပြားလာနိုင်တဲ့အတွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှုမထိခိုက်စေဖို့ ဆောင်းသီးနှံနဲ့နွေစပါးကို ပိုမိုတိုးချဲ့စိုက်ပျိုးသွားရမှာဖြစ်ပြီး အောင်ရေပေးတဲ့တမံတွေမှာလည်း ရေဝင်ရောက်မှုကို ပိုမိုသိုလှောင်သိမ်းဆည်းဖို့လိုအပ်တယ်လို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းကပြောပါတယ်။ စက်တင်ဘာလ(၂၅)ရက်ကပြုလုပ်တဲ့ တိုင်းဒေသကြီးအတွင်းရေကြီးရေလျှံမှုကြောင့် သီးနှံတွေထိခိုက်ပျက်စီးခဲ့တဲ့ ဧရိယာတွေမှာပြန်လည်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အခုလိုပြောကြားခဲ့တာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ ဩဂုတ်လအတွင်း ...