လေဖိအားနည်းရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ်နိုင်
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း(၁)ကြိမ်ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာလ(၁)ရက်မှာထုတ်ပြန်ပါတယ်။ အောက်တိုဘာလ ပထမ(၁၀)ရက်ပတ်အတွက် မိုးလေ၀သခန့်မှန်းချက်မှာ အခုလိုဖော်ပြပါရှိတာဖြစ်ပါတယ်။ အနောက်တောင်မုတ်သုံလေဟာ အောက်တိုဘာလ ၅ ရက်ကနေ ၁၀ ရက်အတွင်း မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ် ဒေသတွေကနေဆုတ်ခွာသွားဖွယ်ရာရှိတယ်လို့လည်းဆိုပါတယ်။ မိုးရွာသွန်းနိုင်တဲ့အခြေအနေကတော့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ...