မုန်တိုင်းငယ်ကြောင့်နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာနိုင်
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသိရပါတယ်။ စက်တင်ဘာ ၉ ရက်၊ မနက် ၅ နာရီခွဲအချိန်တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အောင်အနောက်မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီးအားကောင်းတဲ့မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ အဲဒီအားကောင်းတဲ့ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် စက်တင်ဘာ ...