မှော်ဘီမြို့၌ မိုးရေချိန် စံချိန်သစ်တင် ရွာသွန်း
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့မှာ ဖေဖော်ဝါရီလ(၂၅)ရက်က မိုးရေချိန် စံချိန်သစ်တင် ရွာသွန်းခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။ မှော်ဘီမြို့မှာ ဖေဖော်ဝါရီလ (၂၅) ရက်က ရွာသွန်းခဲ့တဲ့ မိုးရေချိန်စံချိန်သစ်ဟာ (၃၉)မီလီမီတာရှိတယ်လို့ ဆိုပါတယ်။ မှော်ဘီမြို့မှာ ပြီးခဲ့တဲ့ ၁၉၉၆ ခုနှစ် ...