မိုးယွန်းကြီးအင်းသို့ ဆောင်းခိုငှက်ဝင်ရောက်မှု လျော့နည်း
ကမ္ဘာ့ဆောင်းခိုငှက် မျိုးစိတ်တွေကျက်စားရာ ရမ်ဆာ ရေဝပ်ဒေသတစ်ခုဖြစ်တဲ့ မိုးယွန်းကြီးအင်းဘေးမဲ့တောကို ဆောင်းခိုငှက်၊ ရေပျော်ငှက်နဲ့ ငှက်မျိုးစိတ် (၁၁၅)မျိုး လာရောက်ဆောင်းခိုနေပြီး ပြီးခဲ့တဲ့နှစ်နဲ့နှိုင်းယှဉ်ရင်တော့ လျော့နည်းတယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ သိရပါတယ်။ မိုးယွန်းကြီးအင်းဘေးမဲ့တောမှာ အခုနှစ်ဆောင်းရာသီမှာ အင်းရေတွေပြည့်နေပြီး အတိမ့ဆုံးနေရာမှာ ရေအနက် ...