နိုင်ငံခြားရေးဝန်ကြီးအဖြစ် မာကိုရူဘီယိုကို ဆီးနိတ် အတည်ပြု
အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် မာကို ရူဘီယိုကို အထက်လွှတ်တော် ဆီးနိတ်က တနင်္လနေ့မှာ အတည်ပြု ခန့်အပ်လိုက်ပါတယ်။ ဒါဟာ သမ္မတသစ်ရဲ့ ထိပ်တန်းအစိုးရအဖွဲ့ဝင် တစ်ယောက်ကို ဆီးနိတ်က ပထမဆုံး အတည်ပြု ခန့်အပ်ပေးလိုက်တာဖြစ်ပါတယ်။ မဲခွဲအတည်ပြုခန့်အပ်မှုကို ထရမ့် ...