မရှိခဏဘုရားပြိုကျမှုမှ ရှာတွေ့သည့် လက်ဝတ်ရတနာနှင့် ရွှေများအား လွှဲပြောင်းအပ်နှံ
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ စစ်ကိုင်းမြို၊ မရှိခဏစေတီတော်မှာ ရှင်းလင်းရေးဆောင်ရွက်ချိန် တွေ့ရှိခဲ့တဲ့ လက်ဝတ်ရတနာတွေနဲ့ ရွှေတွေကို သက်ဆိုင်ရာ ကျောင်းထိုင်ဆရာတော်နဲ့ ဘုရားဂေါပကအဖွဲကို လွှဲပြောင်းအပ်နှံခဲ့တယ်လို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲက ထုတ်ပြန်ပါတယ်။ ဧပြီ၂၆ရက်မှာ စစ်ကိုင်းတိုင်းဒေသကြီးက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲဝင်တွေ မရှိခဏစေတီတော်မှာ ရှင်းလင်းရေးဆောင်ရွက်ချိန် စေတီတော်ရဲ့စိန်ဖူးတော်၊ ...