တာချီလိတ်၌ မယ်ဆိုင်ချောင်းရေမြင့်တက်၍ ရေကြီးနေ
ထိုင်း-မြန်မာ နယ်စပ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့မှာ ဩဂုတ်(၁၄)ရက်က မယ်ဆိုင်ချောင်းရေမြင့်တက်လာတဲ့အတွက် ရေကြီးရေလျှံမှု ဖြစ်ပွားနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ပေးနေတဲ့ ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်းကနေသိရတယ်။ တာချီလိတ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ဩဂုတ်(၁၄)ရက် မနက်ပိုင်းကစပြီး မယ်ဆိုင်ချောင်းရေဟာ စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး မယ်ဆိုင်ချောင်းအနီးရှိ ...