မန္တလေး-မြစ်ကြီးနားလေယာဉ်လက်မှတ် ကြိုတင်ဝယ်ယူရ
မန္တလေးကနေ မြစ်ကြီးနားကိုသွားမယ့် လေယာဉ်ခရီးစဉ်တွေအတွက် လေယာဥ်လက်မှတ်တွေကို ၁၀ ရက်လောက် ကြိုတင်ဝယ်ယူရမယ်လို့ ပြည်တွင်းလေကြောင်းလိုင်းတွေဆီကသိရပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြစ်ကြီးနား-မန္တလေးကားလမ်းပိုင်းမှာ ယာဉ်သွားလာမှုအခက်အခဲတွေရှိနေတဲ့အတွက် လေကြောင်းခရီးစဉ်ကို အသုံးပြုသူများလာနေတာဖြစ်ပါတယ်။ မန္တလေး- မြစ်ကြီးနား လေယာဉ်ခရီးစဉ်တွေအတွက် လေယာဥ်လက်မှတ်ခစျေးနှုန်းတွေဟာလည်း အရင်ထက်ဈေးတက် နေသလို ...