စားတော်ပဲများ ပြည်ပအဝယ်လိုက်၍ ရောင်းအားကောင်း
ပြည်ပကဝယ်ယူမှုများပြားတာကြောင့် မန္တလေးဈေးကွက်အတွင်းမှာ စားတော်ပဲတွေ ရောင်းအားကောင်းနေတယ် လို့မန္တလေးကုန်စည်ဒိုင်ကနေသိရပါတယ်။ လက်ရှိမှာစားတော်ပဲတွေကိုရန်ကုန်နဲ့ လားရှိုးအပါအဝင် မန္တလေးမြို့မှ ကုန်သည်တွေကအဝယ်များပြားနေသလို အရင်ကအရောင်းအဝယ်အေးခဲ့ပေမယ့် အခုလက်ရှိမှာ ပြည်တွင်းဈေးကွက်အပြင် ပြည်ပကပါ ဝယ်ယူမှုများပြားနေတာဖြစ်တယ်လို့ဆိုပါတယ်။ ပြည်ပကဒိထက်ပိုပြီး ဝယ်ယူမှုများပြားလာမယ်ဆိုရင်တော့ မန္တလေးဈေးကွက်မှာ အခုထက်ပိုပြီးအရောင်းအဝယ် ကောင်းလာမှာဖြစ်တယ်လို့လည်းဆိုပါတယ်။ မန္တလေးဈေးကွက်အတွင်းမှာ ...