စမုန်နှမ်းနက် တစ်တင်း ကျပ်နှစ်သိန်းအထိ ဈေးကောင်းရ
အရည်အသွေးကောင်းမွန်တဲ့ စမုန်နှမ်းနက် တစ်တင်းကို နှစ်သိန်းကျပ်အထိ ဈေးကောင်းရရှိနေတယ်လို့ မကွေးမြို့ကုန်စည်ဒိုင်ကနေသိရပါတယ်။ လတ်တလောမှာ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းမှာ ရေသွင်းနှမ်းတွေထွက်ရှိနေပြီး မြစ်အရှေ့ဘက်ခြမ်းမှာလည်း နှမ်းတွေထွက်ရှိခါနီးပြီဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ စမုန်နှမ်းနက်တစ်တင်းကို နှစ်သိန်းကျပ်နဲ့ အရောင်းအဝယ်ပြုလုပ်နေပြီး ကျန်တဲ့နှမ်းအမျိုးအစားတွေကတော့ ကျပ်တစ်သိန်း ရှစ်သောင်းကနေ ...