Everytime Everywhere Everyone

သောကြာ, ဇန်နဝါရီ 17, 2025

Tag: မကွေးမြို့

မကွေး၌ နှမ်းဖြူဈေးကျဆင်းပြီး အရောင်းအဝယ်အေးနေ

မကွေး၌ နှမ်းဖြူဈေးကျဆင်းပြီး အရောင်းအဝယ်အေးနေ

မကွေးမြို့ နှမ်းဈေးကွက်အတွင်းမှာ နှမ်းဖြူဈေးကျဆင်းနေသလို အရောင်းအဝယ်လည်း အေးနေတယ်လို့ မကွေးကုန်စည်ဒိုင်ကနေသိရပါတယ်။ လက်ရှိမှာတော့ မကွေးမြို့နယ်အတွင်း မိုးနှမ်းတွေလှိုင်လှိုင်ပေါ်နေချိန်ဖြစ်ပေမယ့် ဈေးကွက်နဲ့ အရောင်းအဝယ်အခြေအနေအေးနေပြီး ပြည်တွင်းမှာတော့ ရန်ကုန်ဘက်ကပဲ ဝယ်ယူမှုရှိနေတယ်လို့မကွေးမြို့ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးကျော်ထွန်းကပြောပါတယ်။ မကွေးမြို့ နှမ်းဈေးကွက်မှာ မိုးနှမ်းတွေစတင်ထွက်ရှိခဲ့တဲ့ ဩဂုတ်လတတိယပတ်လောက်မှာ ...

ဧရာဝတီမြစ်အတွင်း ငါးကောင်ရေလေးသိန်း စိုက်ထည့်

ဧရာဝတီမြစ်အတွင်း ငါးကောင်ရေလေးသိန်း စိုက်ထည့်

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြင်းကင်းဆိပ်ကမ်းမှာ ဩဂုတ် ၂၈ ရက်က ဧရာဝတီမြစ်အတွင်း ငါးမျိုးအကောင်ရေ လေးသိန်း စိုက်ထည့်ခဲ့တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနကနေသိရပါတယ်။ ငါးသယံဇာတထိန်းသိမ်းမှုကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေဖို့၊ ငါးမျိုးပြုန်းတီးမှုမဖြစ်စေဖို့၊ သဘာဝရေပြင်မှာ ငါးမျိုးတွေစဉ်ဆက် မပြတ် တည်ရှိစေဖို့ငါးထုတ်လုပ်မှုတိုးတက်လာစေဖို့နဲ့ ဒေသခံပြည်သူတွေကို ...

မကွေးတွင် စက်သုံးဆီဝယ်ယူမှု အခက်အခဲရှိ

မကွေးတွင် စက်သုံးဆီဝယ်ယူမှု အခက်အခဲရှိ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ပေါ်မှာ အခုရက်ပိုင်းအတွင်း ကား၊ ဆိုင်ကယ်၊ လုပ်ငန်းသုံးတွေအတွက် စက်သုံးဆီဝယ်ယူမှုအခက်အခဲတွေရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဩဂုတ် ၃ ရက်လောက်ကစပြီး ဩဂုတ် ၁၈ ရက်အထိ စက်သုံးဆီကို အချိန်နဲ့ကန့်သတ်ကာ တန်းစီစနစ်နဲ့ဝယ်ယူနေရပြီး စက်သုံးဆီဆိုင်အများစုလည်း ပိတ်ထားတာတွေ့ရတယ်လို့ဆိုပါတယ်။ မကွေးမြို့ပေါ်မှာ ...

မကွေး၌ ရှမ်းကုန်စိမ်းစျေးကွက် ရောင်းအားကျနေ

မကွေးမြို့မှာ ရှမ်းပြည်နယ်ကဝင်လာတဲ့ ကုန်စိမ်းတွေစျေးကျနေသလို ရောင်းအားလည်းကျနေတယ်လို့ ကုန်စိမ်းရောင်းချသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်းက တချို့ဒေသတွေမှာ ရေကြီးရေလျှံမှုတွေ၊ လမ်းပိတ်ဆို့မှုတွေ ရှိနေတဲ့အတွက် မကွေးတိုင်းဒေသကြီးကိုပဲ အဓိကတင်ပို့နေတာကြောင့် မကွေးမှာ ရှမ်းကုန်စိမ်းအဝင်များပြီး ဈေးကျနေတာဖြစ်တယ်လို့ ဆိုပါတယ်။ မကွေးမြို့ကို ရှမ်းပြည်နယ်ဘက်ကနေ ...

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Are you sure want to unlock this post?
Unlock left : 0
Are you sure want to cancel subscription?