မကွေးတိုင်းမြို့နယ်အချို့၌ လေပြင်းတိုက်ခတ်မှုဖြစ်ပွား
မကွေးတိုင်းဒေသကြီးအတွင်းက မြို့နယ်အချို့မှာ စက်တင်ဘာလ(၂၀)ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ လေပြင်းတိုက်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေသိရပါတယ်။ မိုးနဲ့အတူ လေပြင်းတိုက်ခတ်မှုကြောင့် မကွေးမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ သရက်မြို့နယ်၊ ရေနံချောင်းမြို့နယ်နဲ့ မင်းဘူးမြို့နယ်တွေမှာနေအိမ်တွေအပေါ် သစ်ပင်လဲကျတာတွေနဲ့ လမ်းမတွေ၊ ကားလမ်းမတွေအပေါ် သစ်ပင်လဲကျတာတွေ ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနေရာတွေကို သက်ဆိုင်ရာမြို့နယ်မီးသတ်စခန်းတွေက ...