ဘွဲ့လွန်ဆေးပညာ အရည်အချင်းစစ်စာမေးပွဲ ရက်ပြောင်းလဲ
၂၀၂၅ ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာသင်တန်းတွေရဲ့ ဝင်ခွင့်အရည်အချင်းစစ် ရေးဖြေစာမေးပွဲကျင်းပစစ်ဆေးမယ့်ရက်ကို ပြောင်းလဲကျင်းပသွားမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကအသိပေးကြေညာပါတယ်။ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ သဘာဝဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းတွေ၊ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ အင်အားဖြည့်ပါဝင်ဆောင်ရွက်နေရတာကြောင့်အခုလို ရက်ပြောင်းလဲကျင်းပစစ်ဆေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၂၅ ပညာသင်နှစ်မှာ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်တွေနဲ့ ...