နစကဥက္ကဋ္ဌ ရုရှားနိုင်ငံ ဆာမာရာမြို့သို့ဆက်လက်ထွက်ခွာ
ဘီလာရုစ်နိုင်ငံကို နိုင်ငံတော်အဆင့်ခရီးစဉ်ရောက်ရှိနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မတ်လ၈ရက် ဒေသစံတော်ချိန် မနက်၈နာရီမှာ မင့်စ်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ရုရှားနိုင်ငံ၊ ဆာမာရာမြို့ကို ဆက်လက်ထွက်ခွာသွားပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဘီလာရုစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာမက်ဆင်ရိုင်ဇန်ကော့ဗ်၊ မြန်မာနိုင်ငံဆိုင်ရာ ဘီလာရုစ်နိုင်ငံသံအမတ်ကြီး မစ္စတာအူလက်ဇီမာ ...