ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာဆီနာ တရားစွဲခံရ
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အထူးတရားရုံးမှာ ရာထူးကဖြုတ်ချခံရတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို တရားစွဲဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့နှစ်က ကျောင်းသားတွေရာချီသေဆုံးခဲ့တဲ့ လူထုအုံကြွမှုနဲ့ပတ်သက်လို့စွဲဆိုခံရတာပါ။ လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုတွေကျူးလွန်တယ်ဆိုပြီးစွဲဆိုခံရတာဖြစ်ပါတယ်။ဒါကာအခြေစိုက် ရာဇဝတ်မှုဆိုင်ရာခုံရုံးက ဇွန်လ ၁၆ ရက်နေ့မှာ ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာဆီနာနဲ့ရဲချုပ်ဟောင်းတစ်ဦးတို့ကို တရားရုံးတင်ဖို့ စုံစမ်းရေးမှုးတွေကိုညွှန်ကြားလိုက်တာဖြစ်ပါတယ်။မေလ ၁၂ ရက်နေ့ကတင်သွင်းခဲ့တဲ့ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာထဲမှာ တရားရုံးရဲ့စုံစမ်းစစ်ဆေးသူတွေဟာ ပြီးခဲ့တဲ့နှစ် ...