ဘင်္ဂလားဒေ့ရှ်တွင် ဟိန္ဒူပွဲတော်ဒါရ်ဂါပူဂျာ ကျင်းပ
မွတ်ဆလင်အများစုနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဟိန္ဒူဘာသာဝင်တွေရဲ့ အကြီးဆုံးပွဲတော်ဖြစ်တဲ့ ဒါရ်ဂါပူဂျာပွဲတော်ကို တနင်္ဂနွေနေ့ကကျင်းပခဲ့ပါတယ်။ ဝန်ကြီးချုပ် ရှိတ်ဟာစီနာရာထူးကပြုတ်ကျထွက်ပြေးသွားခဲ့ရပြီးနောက် ဖြစ်ပွားခဲ့တဲ့ ဟိန္ဒူဘာသာဝင်လူနည်းစုတွေအပေါ် တိုက်ခိုက်မှုတွေရဲ့ လောင်းရိပ်အောက်မှာ ဒါရ်ဂါပူဂျာပွဲတော်ကြီးကို ကျင်းပခဲ့ကြရတာလည်းဖြစ်ပါတယ်။ ပွဲတော်အတွင်း အသံချဲ့စက်ကလာတဲ့ ဆူညံကျယ်လောင်တဲ့သီချင်းသံတွေအောက်မှာ အကနဲ့တင်ဆက်ဖျော်ဖြေမှုတွေလည်းပါဝင်ခဲ့ပြီး ဝတ်ပြုဆုတောင်းမှုတွေနဲ့အတူ စားသောက်ပွဲတွေကို ...