ထုတ်ကုန်အမယ်သစ် ဖော်ထုတ်ပြီး ဈေးကွက်ရှာဖွေတင်ပို့ရမည်ဟု ဗိုလ်ချုပ်ကြီးမြထွန်းဦးပြော
ပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ထုတ်ကုန်အမယ်သစ်တွေကိုဖော်ထုတ်ပြီး ဈေးကွက်ရှာဖွေတင်ပို့နိုင်ရေး ဆောင်ရွက်ဖို့လိုတယ်လို့ နစကအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောပါတယ်။ ဇန်နဝါရီ၂၈ရက်ကပြုလုပ်တဲ့ အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီအစည်းအဝေးမှာ ကောင်စီကဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦးက အခုလိုပြောကြားလိုက်တာပါ။နိုင်ငံရဲ့ကုန်သွယ်မှုပမာဏတိုးတက်ဖို့ ပို့ကုန်ကိုတိုးမြှင့်ဆောင်ရွက်ဖို့လိုသလို ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းတွေကို အထောက်အကူပြုစေတဲ့ သွင်းအားစုတွေတင်သွင်းပြီး ...