ကော်တင်ဟိုကိုခေါ်နိုင်ခဲ့ဟု ဗာစကိုဒဂါးမားအတည်ပြု
ဘရာဇီးကလပ် ဗာစကိုဒဂါးမားအသင်းဟာ ကွင်းလယ်လူဟောင်း ကော်တင်ဟိုကို တစ်ရာသီအငှားနဲ့ ခေါ်ယူနိုင်ခဲ့ ပြီလို့ အတည်ပြုလိုက်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ကော်တင်ဟိုကို ဗီလာအသင်းဆီကနေ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပြီး ကော်တင်ဟိုဟာ ဗာစကိုဒဂါးမားအသင်းနဲ့အတူ လူငယ်ကစားသမားဘဝကို ဖြတ်သန်းခဲ့ဖူးတာ ဖြစ်ပါတယ်။ ...