ကလပ်ကမ္ဘာ့ဖလားအတွက် အင်ဖန်တီနို စိတ်လှုပ်ရှား
(၂၀၂၅)ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့်အပေါ် စိတ်လှုပ်ရှားမိတယ်လို့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောကြားလိုက်ပါတယ်။ ပုံစံသစ်ပြောင်းလဲလိုက်တာကြောင့် ပြိုင်ပွဲဝင်အသင်းပေါင်း (၃၂)သင်းအထိ ကစားသွားကြမယ့် (၂၀၂၅)ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့တာပါ။ အမေရိကန်နိုင်ငံမှာရှိတဲ့ ဘောလုံးကွင်းတွေက ပရိသတ်တွေရဲ့စိတ်ကို ဖမ်းစားနိုင်မှာ သေချာသလို ...