ဖိုဒန်ကို ဂွာဒီယိုလာ ယုံကြည်မှုအပြည့်ရှိ
မန်စီးတီးနည်းပြ ဂွာဒီယိုလာက အသင်းရဲ့တောင်ပံကစားသမား ဖိုဒန်ကို အရင်ကလို စွမ်းဆောင်ရည်မျိုး ပြန်လည်ရရှိလာလိမ့်မယ်လို့ ယုံကြည်ကြောင်း စက်တင်ဘာလ(၃၀)ရက်နေ့က တရားဝင်ပြောကြားခဲ့ပါတယ်။ ဖိုဒန်ဟာ အခုဘောလုံးရာသီမှာ မန်စီးတီးအသင်းအတွက် ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်နေရတာဖြစ်ပြီး အရန်ကစားသမား အဖြစ်နဲ့သာ ကစားနေရတာပါ။ ပြီးခဲ့တဲ့ဘောလုံးရာသီက ပရီးမီးယားလိဂ်ရဲ့ ...