ပြည်သူ့လုံခြုံရေး နှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ ဖွဲ့စည်း
ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဩဂုတ် ၁၆ ရက်စွဲနဲ့ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပါတယ်။ အဲဒီအဖွဲ့မှာတော့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌ(၁)နဲ့ ပြည်ထဲရေးဝန်ကြီးဌာန ...