မြေအောက်ဥမင်တည်ဆောက်မှု ၇၉ ရာခိုင်နှုန်းကျော် ပြီးစီး
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်နဲ့ ပြည်သူ့ရင်ပြင်ကို ဆက်သွယ်တည်ဆောက်နေတဲ့ မြေအောက်လမ်းကူးလူသွားဥမင် (Underpass)လုပ်ငန်းဆောင်ရွက်နေမှုဟာ ၇၉ ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။ လက်ရှိမှာ အပိုင်း(၁)လမ်းလယ်ကျွန်းလုပ်ငန်းပြီးစီးပြီဖြစ်ပြီး အပိုင်း(၂)ဘုရားဘက်ခြမ်းလုပ်ငန်း ရာခိုင်နှုန်း ၉၀ ကျော်၊ အပိုင်း(၃)ပြည်သူ့ရင်ပြင်ဘက်ခြမ်း လုပ်ငန်း ၉၂ ရာခိုင်နှုန်းကျော်၊ ...