ဦးနှောက်နှင့်အာရုံကြောရောဂါ ကြည့်ရှုကုသမှုအချိန် တိုးမြှင့်
ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ဦးနှောက်နှင့်အာရုံကြောဆေးပညာဌာနမှာ ပြင်ပလူနာနဲ့အတွင်းလူနာတွေကို ကြည့်ရှု ကုသပေးတဲ့အချိန် တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကနေ သိရပါတယ်။ တနင်္လာနေ့ကနေ သောကြာနေ့အထိ ပြင်ပလူနာဌာနမှာ ကဏ္ဍတွေခွဲကာ ကြည့်ရှုပေးနေတာဖြစ်ပြီး နေ့စဉ် လူနာ (၁၀၀)ဝန်းကျင်ကို ကုသပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။ရောဂါရှာဖွေတဲ့နေရာမှာ အရေးပါတဲ့ ဦးနှောက်ရဲ့လှိုင်း မှန်မမှန်စစ်ဆေးတာ၊ ...

