ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် အတင်းအဓမ္မ ဖိအားပေးစုဆောင်းတာမျိုးမလုပ်ရန် ဗိုလ်ချုပ်ကြီးမောင်မောင်အေးပြောကြား
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဟာ ရေရှည်ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တဲ့အတွက် စီမံခန့်ခွဲမှုကောင်းကောင်းနဲ့ စနစ်တကျ လုပ်ဆောင်ရမှာဖြစ်ပြီး အတင်းအဓမ္မဖိအားပေးစုဆောင်းတာမျိုးမဖြစ်စေဘဲ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ စနစ်တကျစုဆောင်းနိုင်ရေး အလေးထားဆောင်ရွက်သွားကြဖို့ နစကအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောပါတယ်။ ဇန်နဝါရီ၂၈ရက်မှာ ပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ...