ပြည်မြို့တွင် ကလေးနှစ်ဦး ရေနစ်သေဆုံး
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှာ ဩဂုတ် ၂၆ ရက် ညနေပိုင်းက တောင်ကျရေစီးနဲ့မျောပါလာတဲ့ ကလေးနှစ်ယောက် ရေနစ်သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)ကနေသိရပါတယ်၊၊ အခင်းဖြစ်စဉ်မှာ ပြည်မြို့၊ စက်မှုကွက်သစ်၊ ဂန္ဓမာစျေးအနီးမှာ တောင်ကျရေစီးနဲ့ကလေးနှစ်ယောက်မျောပါလာကြောင်း သတင်းအရ လူမှုကူညီရေးအသင်းတွေက သွားရောက်ကူညီခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ သေဆုံးသူတွေဟာ အသက်(၁၂)နှစ်အရွယ်နဲ့အသက်(၄)နှစ်ဝန်းကျင်အရွယ် ...