ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပကိုဆန်တန်ချိန်၇သိန်းကျော် တင်ပို့ထား
အခု၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် ဧပြီ၁ရက်ကနေ ဩဂုတ်၃၁ရက်အထိ ငါးလအတွင်း ပြည်ပကိုဆန်နဲ့ဆန်ကွဲ တန်ချိန် ၇၁၈၂၈၁ တန်တင်ပို့ထားပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကထုတ်ပြန်ထားပါတယ်။ အဲ့ဒီလိုတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၃၅၃သန်းရရှိထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လအတွင်းမှာတော့ ပြည်ပကို ဆန်နဲ့ဆန်ကွဲတန်ချိန် ၂သိန်းကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၇သန်းရရှိခဲ့တာပါ။ အခုဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကိုဆန်နဲ့ဆန်ကွဲ ...